Home
ရုပျသံ
လားရှိုးမြို့တွင်း တင့်ကားများဖြင့် လုံခြုံရေးကင်းလှည့်လည် (ရုပ်သံ)
DVB
·
July 10, 2017
Army tanks in Lashio
ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဗုံးဖောက်ခွဲမယ့် သတင်းတွေကြောင့် တပ်မတော်က တင့်ကားတွေနဲ့ လုံခြုံရေး ကင်းလှည့်လည်နေပါတယ်။ ကေအိုင်အေက အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးကို ဗုံးဖောက်ခွဲဖို့ စေလွှတ်ထားသလို တီအန်အယ်လ်အေက ဗုံးခွဲကျွမ်းကျင်သူ ၂၀ လောက် စေလွှတ်ထားတယ်လို့ တပ်မတော်က လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေထားပါတယ်။ လူစည်ကားရာ ဈေး၊ ကားဂိတ်၊ ဘူတာရုံနဲ့ အစိုးရဌာနဆိုင်ရာ အဆောက်အဦတွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ဖို့ လေ့လာနေတဲ့အကြောင်းနဲ့ မသင်္ကာသူတွေတွေ့ရင် အသိပေးဖို့လည်း တပ်မတော်က နှိုးဆော်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024