Home
မြန်မာသတင်း
ကျောက်ဖြူတွင် မသင်္ကာသူတဦးကို စစ်ဆေးရာ မူးယစ်ဆေးဝါးများဖမ်းမိ
DVB
·
July 6, 2017
wy
ကျောက်ဖြူမြို့တွင် ရဲမှ ကင်းလှည့်နေစဉ် ဇူလိုင် ၆ ရက် မနက် ၅ နာရီလောက်က ကျောက်ဖြူ အဝေးပြေးကားဝင်းအတွင်း မသင်္ကသာသူတဦးကို စစ်ဆေးမေးမြန်းရာ WY စာတန်းပါ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပါတယ်။ ကျောက်ဖြူမြို့မရဲစခန်း တာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ ကင်းလှည့်နေစဉ် အဝေးပြေးကားဝင်း အောင်သစ္စာကားဂိတ်အနီးမှာ မသင်္ကာဖွယ်လူငယ်တစ်ဦးကို စစ်မေးရာ ကျောပိုးအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈)ပြားပါ(၂)ထုပ်၊ (၁၉၅)ပြားပါ(၁)ထုပ်နဲ့ မြန်မာကျပ်ငွေ ၁၅၀၀၀၀ ကျပ် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူမှာ မြေပုံမြို့နယ်၊ ချောင်းကျကျေးရွာနေထိုင်သူ မောင်အေးနိုင်(ခ)ချက်ကြီး ဖြစ်ကြောင်း သိရပါတယ်။ မောင်အေးနိုင်(ခ)ချက်ကြီးအား ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါ မူးယစ်ဆေးဝါးတွေကို လွန်ခဲ့တဲ့ ၁ လလောက်က ကျောက်ဖြူမြို့၊ င/လပွေ့ကျေးရွာနေထိုင်သူ ထွန်းထွန်းအေးနဲ့ တရုတ်နိုင်ငံ၊ ကြယ်ခေါင်မြို့ရှိ အမည်မသိ တရုတ်အမျိုးသားတဦးထံမှ WY စာတန်းပါ ဆေးပြား (၂၀၀) ပြားပါ (၁)ထုပ်လျှင် မြန်မာကျပ်ငွေ (၄၀၀၀၀) ကျပ်နုန်းနဲ့ စုစုပေါင်း(၆၀၀)ပြား ယူဆောင်လာခဲ့တာလို့ ထွက်ဆိုကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ အရာရှိတစ်ဦးက ပြောပါတယ်။ မူယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မောင်အေးနိုင်(ခ)ချက်ကြီးနှင့် ကွင်းဆက်တရားခံ ထွန်းထွန်းအေးတို့အား ကျောက်ဖြူမြို့မရဲစခန်း မယ(ပ) ၄/၁၇မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားပြီး အမှုအား ဒုရဲအုပ် အောင်မင်းသန်းမှ စစ်ဆေးနေပြီး ထွန်းထွန်းအေးအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024