သာစည်မြို့နယ်တွင် မှောင်ခိုနွားများနှင့်အတူ တရားခံ ၆ ဦးဖမ်းမိ
DVB
·
June 30, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မြင်းတိုက်အုပ်စု စလယ်အင်းရွာအနီး ခြေလျင် လမ်းကြောင်းတောလမ်းမှာ ဇွန် ၂၉ ရက် မွန်းလွဲ ၁ နာရီက ခိုင်းနွားအထီး ၁၅ ကောင်နဲ့ လူ ၆ ယောက် ဖမ်းမိတယ်လို့ ယင်းမာပင် ရွာရဲစခန်းက ပြောပါတယ်။
စခန်းမှူးးရဲအုပ် တင်ထွန်းနိုင်က “ခိုင်းလို့ ကောင်းတဲ့အရွယ် လှတဲ့နွားတွေချည်းပဲ ကာလတန်ဖိုး ၈ သိန်းတန် ၁၃ ကောင်၊ ကာလတန်ဖိုး ၃ သိန်းတန် ၂ ကောင်၊ ပေါင်း ၁၅ ကောင် ပေါင်းသိန်း ၁၁၀ ဖိုးလောက်ပေါ့။ နွားအငှားမောင်းသူ ၅ ယောက်၊ နွားပိုင်ရှင် ၁ ယောက်၊ ပေါင်း ၆ ယောက် ကို ဖမ်းမိတယ်။ ရမည်းသင်းမြို့နယ် နန်းလုံရွာမှာ နေသူတွေပဲ အဲဘက်က ခြေလျင် မောင်းလာတယ် ရှမ်းပြည်နယ် အောင်ပန်းကိုပို့ မယ်လို့ သိရ တယ်” လို့ ပြောပါတယ်။
သာစည်မြို့နယ် ယင်းမာပင်ရွာ ရဲစခန်းမှာ အမှုအမှတ် (ပ)၃၀/၂၀၁၇ နွားအငှားမောင်းသူ မောင်မျိုး၊ မင်းမင်းအောင်၊ လမင်း၊ မြင့်မိုး၊ ဖိုးပိန်နဲ့ နွားပိုင်ရှင် စိုးကြည်တို့ကို အရေးကြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)