ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ ထွက်ခွာ
DVB
·
June 17, 2017
ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး Army General Sergey K. Shoigu ရဲ့ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ရုရှားနိုင်ငံကို ထွက်ခွာသွားကြပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နဲ့ တပ်မတော်အရာရှိကြီးတွေ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးတာ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာတွေ ညှိနှိုင်းဆွေးနွေးတာ၊ ရုရှားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းတွေ၊ ဌာနချုပ်တွေနဲ့ စက်မှုလုပ်ငန်းတွေကို သွားရောက်လေ့လာမယ်လို့ ဆိုပါတယ်။