Home
ရုပျသံ
ဆေးရုံလူနာအခန်းတွင်း သရဲခြောက်သည့်ရုပ်သံ ကြည့်ရှုသူ ၁ သန်းကျော်ပြီ (ရုပ်သံ)
DVB
·
May 30, 2017
hop_main
ဆေးရုံအထူးကြပ်မတ်ကုသဆောင်တွင်းမှာ သရဲခြောက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ထိတ်လန့်ဖွယ် ပျံ့နှံ့နေပြီး ဝင်ရောက်ကြည့်ရှုသူ ၁ သန်းကျော် ရှိခဲ့ပါတယ်။     ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကမ်ပူလန် ဘာဘဂိုင် မက်ချမ်ဗွီဒီယိုဆိုတဲ့အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတခုမှာ တင်ခဲ့တာဖြစ်ပြီး ၀င်ရောက်ကြည့်ရှုသူတွေနဲ့ တဆင့်ပြန်လည် မျှဝေသူတွေ များစွာရှိခဲ့တာပါ။     ရုပ်သံဗွီဒီယိုဖိုင်ရဲ့ အညွှန်းမှာတော့ အင်ဒိုနီးရှားဘာသာစကားနဲ့ “ဒါကို ဘယ်သူမှ ပြန်မကြည့်ရဲကြအောင်ပဲ ထိတ်လန့်စရာကောင်းပါတယ်”လို့ ရည်ညွှန်းခဲ့တာပါ။     ဆေးရုံအထူးကြပ်မတ်ကုသဆောင်အခန်းတွင်း လူနာရဲ့ အနီးကနေ သရဲတစ္ဆေ တကောင်လို့ ယူဆရမယ့် အရိပ်တွေဟာ ပတ်ချာလည်ဖြတ်ပြေးနေခဲ့တာကို ရုပ်သံဗွီဒီယို ဖိုင်ထဲမှာ ထိတ်လန့်ဖွယ် တွေ့မြင်နိုင်မှာပါ။     လက်ရှိမှာတော့ အင်တာနက်အသုံးပြုသူတွေကြားမှာ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လူ ပြောများနေပြီး ဒါဟာ တကယ့်အစစ်အမှန်လားဆိုတာကို အငြင်းပွားစရာတခုဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024