Home
သတင်းဓာတ်ပုံ
ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းလက်မှတ်ထိုး (သတင်းဓာတ်ပုံ)
DVB
·
May 29, 2017
9
8
7
6
5
4
3
2
1
18698079_1051294061671476_7100876792702538904_n
18699895_1051295995004616_5930753302954408212_n
၂၁ရာစုပင်လုံ ဒုတိယ အကြိမ်အစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းကို ဒီကနေ့ သက်ဆိုင်ရာ အစုအဖွဲ့ ကိုယ်စားလှယ်တွေက ဒီကနေ့ နေပြည်တော်မှာ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ ညီလာခံမှာ နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ၅ ခုအနေနဲ့ မူဝါဒအချက် ၄၁ ချက်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေက တင်ပြဆွေးနွေးခဲ့ရာမှာ မူဝါဒ ၃၇ ချက် သဘောတူညီနိုင်ခဲ့ပါတယ်။ ဒီသဘောတူညီချက်တွေမှာ နိုင်ငံရေးကဏ္ဍ မူဝါဒ ၁၂ ချက်၊ စီးပွားရေးကဏ္ဍမူဝါဒ ၁၁ချက်၊ လူမှုရေးကဏ္ဍ ၄ ချက်နဲ့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒ ၁၀ ချက်ပါဝင်တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်တွေကို အစိုးရအစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်၊ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် ပဒိုစောကွယ်ထူးဝင်းနဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့က ကိုယ်စားလှယ် ဦးသုဝေတို့ အပြင် အသိသက်သေ ၆ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024