ကောသော့င်းတွင် ဆလုံလူမျိုးများကို မှတ်ပုံတင်ကတ် ပြုလုပ်ပေး
DVB
·
May 28, 2017
နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိတဲ့ ကော့သောင်းမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဆလုံလူမျိုးတွေကို အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ရှိသူတွေက မေ ၂၅ ရက်နေ့က ကွင်းဆင်းသွားရောက် ပြုလုပ်ပေးခဲ့ပါတယ်။
ဆလုံလူမျိုးတွေ အများဆုံးနေထိုင်ရာ ညောင်ဝိကျွန်းမကြုံက လက်ကျွန်းဗဂျာလန်းကျွန်း နဲ့ ဂျာအုံးကျွန်းတွေမှာ သွားရောက်ပြုလုပ်ပေးတာဖြစ်ပြီး ဆလုံနဲ့အခြားဒေသခံ ၂၀၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးကာ သန်းခေါင်စာရင်း၊ အိမ်ထောင်စုတွေကိုပါ တခါတည်း ပြုလုပ်ပေးခဲ့ပါတယ်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ ပျောက်ကွယ်လုနီးဖြစ်နေတဲ့ ဆလုံလူမျိုးတွေကို ဦးစားပေးအဆင့်အနေနဲ့ နိုင်ငံသာစိစစ်ရေးကတ်နဲ့ သန်းခေါင်စာရင်း အိမ်ထောင်စုတွေကို လုပ်ပေးတာပါ။
“ဆလုံအစစ်တွေကနေ လူမျိုးခွဲထွက်တာတွေ တွေ့ရပါတယ်။ ဥပမာ ဆလုံကရင်၊ ဆလုံမွန်၊ ဆလုံဗမာဆိုပြီးတော့ ခွဲထွက်လာတာတွေ့ရတယ်။ ဒါတွေကိုတိတိကျကျ စာရင်းကောက်ပြီး အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပြုလုပ်ပေးတာပါ။ ဆလုံလူဦးရေကတော့ တစ်ထောင်လောက်ရှိ ပါတယ်” လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ကော့သောင်းဦးစီးမှူး ဦးစောဝင်းကြည်က ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ-လတ်ကိုကိုဦး