Homeသတင်းဓာတ်ပုံ
မြိုင်ကြီးငူ စစ်ရှောင်ဒုက္ခသည်များ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်ရဲဖြစ်နေ(ဓာတ်ပုံ)
မြိုင်ကြီးငူ စစ်ရှောင်ဒုက္ခသည်များ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်ရဲဖြစ်နေ(ဓာတ်ပုံ)
DVB
·
May 21, 2017
မြိုင်ကြီးငူဒေသမှာ စစ်ဘေးရှောင်နေကြသူတွေဟာ ၉ လနီးပါးကြာနေပေမယ့် မြေမြှုပ်မိုင်းအန္တရာယ်ကြောက်လို့ နေရပ်မပြန်ရဲကြသေးကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ သင်္ကြန်အပြီးကာလတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရသေးကြောင်း၊ အခုချိန်မှာတော့ ပရဟိတအဖွဲ့တချို့ လာရောက်လှူဒါန်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလဆန်းပိုင်းက ကရင်ပြည်နယ် မဲသဝေါဒေသမှာ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေတပ်တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသကို ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။
မြိုင်ကြီးငူဒေသမှာ စစ်ရှောင်ဒုက္ခသည် အိမ်ထောင်စု ၁၀၁၇ စု၊ လူဦးရေ ၅၅၂၆ ဦးရှိတယ်လို့ သိရပါတယ်။