Home
မြန်မာသတင်း
မုံရွာ ပန်းခြံအတွင်းအလှထားရှိသည့် မိန်းမလှရုပ်တု ဒုတိယအကြိမ်ဖျက်ဆီးခံရ
Aung Ko Latt
·
May 14, 2017
my4
my3
my2
my1
my
my5
မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း၊ ကန်သာယာရှိ အများပြည်သူအပန်းဖြေရာ ပန်းခြံအတွင်းက မိန်းမလှရုပ်တုအပါအဝင် ရေငုတ်တွေ ရိုက်ချိုးဖျက်ဆီးတာ၊ အလှထားရှိတဲ့ လှည်းဘီးတွေ တွန်းလှဲတာတွေကို ကဆုန်လပြည့်ညက လူရမ်းကားတစုက ဖျက်ဆီးသွားတယ်လို့ မြို့နယ် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ “ဒီလိုလုပ်တာ အများပြည်သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့။ ဒီဟာ ဖျက်ဆီးလို့ ဘာအကျိုးရှိလဲ။ ဘယ်သူအကျိုးရှိလဲ။ ပစ္စည်းပျက်စီးတာ ပြန်ပြင်လို့ရတယ်။ စာရိတ္တတွေပျက်စီးတာက ဝမ်းနည်းစရာကောင်းတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ကာလမှာ ဝိုင်းဝန်းလုပ်ဆောင်ရမယ့်အစား ဒီလိုလုပ်နေတာက မကောင်းဘူးပေါ့” လို့ အပန်းဖြေ လာရောက်သူတဦးကဆိုပါတယ်။ “ကျနော်တို့ကတော့ အမှုဖွင့်တာတော့မရှိသေးပါဘူး။ မြို့နယ်ရဲတပ်ဖွဲ့ကိုတော့ အကြောင်းကြားထားတယ်။ ဖျက်ဆီးသူမိရင်တော့ တရားစွဲဆိုသွားမယ်” လို့ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ဒီဗွီဘီကိုပြောပါတယ်။ သင်္ကြန်မတိုင်ခင်ကလည်း ရုပ်တုဖျက်ဆီးတာခံခဲ့ရပါသေးတယ်။ ညပိုင်းအထိ စည်ပင်ဝန်ထမ်းတွေ လှည့်ပတ်စစ်ဆေးမှုတွေလည်းရှိပြီး လူပြတ်တဲ့အချိန်မှ လုပ်သွားတာဖြစ်မယ်လို့ ပန်းခြံဝန်ထမ်းတစ်ဦးကလည်းပြောပါတယ်။ မုံရွာမြို့မှာ ပြည်သူအပန်းဖြေနေရာက နည်းပါးပြီး နောက်ထပ် အပန်းဖြေနေရာတွေ၊ ကလေးကစားကွင်းတွေလည်း ဖော်ဆောင်ဖို့ စီစဉ်တာတွေလည်းရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024