ငါးမန်းကို ကြိုးကွင်းစွပ်ဖမ်းသည့် ငါးဖမ်းသမား ငါးမန်းကိုက်ခံရ (ရုပ်သံ)
DVB
·
May 7, 2017
အကြောက်အလန့် မရှိတဲ့ သြစတေးလျနိုင်ငံသား ငါးဖမ်းသမားတဦးက ငါးမန်းတကောင်ကို နွားကျောင်းသားလို ပုံစံမျိုးနဲ့ ကြိုးကွင်းစွပ်ပြီး ဖမ်းဖို့ ကြိုးစားခဲ့လို့ ခြေထောက် ငါးမန်း ကိုက်ခံလိုက်ရပါတယ်။
ဂျော့ရှ်ဖဲရက်တ်နေလီ အသက် ၂၉ နှစ်က သူ့နေရပ် ကွင်းစလန်မြောက်ပိုင်းနားက ငါးမန်းတွေ ကျက်စားတတ်တဲ့ ရေပြင်မှာ ၉ ပေရှည်တဲ့ ငါးမန်းတကောင်ကို ကြိုးကွင်းနဲ့စွပ်ပြီး ဖမ်းဖို့ကြိုးစားခဲ့တာပါ။
ဒါပေမဲ့ သိပ်မကြာခင် အချိန်အတွင်းမှာပဲ သူ့ရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကနေ ငါးမန်း ကိုက်ခံလိုက်ရတာကို သူ့ရဲ့ သူငယ်ချင်းတွေက ရုပ်သံနဲ့ ရိုက်ကူးမိတာပါ။
အစပိုင်းမှာ ဂျော့ရှ်က လှေပေါ်ကနေ ခုန်ချပြီး ငါးမန်းရဲ့ အမြီးပိုင်းကို ဖမ်းဖို့ ကြိုးစားခဲ့ပါတယ် သူက ငါးမန်းကို ကြိုးကွင်းနဲ့စွပ်ဖို့ လုပ်ချိန်မှာ ငါးမန်းက ပြန်ကိုက်လိုက်တာပါ။
ဒီအဖြစ်အပျက်က မော်ဒယ်လ် တဦး ရေအောက်လှောင်အိမ်ထဲမှာ ကြေညာအတွက် ရုပ်သံရိုက်ကူးစဉ် ငါးမန်းကိုက်ခံရပြီးနောက် ဖြစ်ပျက်ခဲ့တာလို့ သိရပါတယ်။
ဂျော့ရှ်က “၉ ပေအရှည် ငါးမန်းကို ဖမ်းချင်တယ် ဒါကြောင့် ငါးမန်းကို ကြိုးနဲ့ဖမ်းဖို့လုပ်တယ်” လို့ ပြောပါတယ်။
၁၅ စက္ကန့်လောက်ကြာတော့ ငါးမန်းရဲ့ မေးရိုးနားမှာ ကိုယ်က ရောက်သွားပြီး ကျနော့်ရဲ့ ညာဖက်ပေါင်ရင်းနားကို ငါးမန်းက ကိုက်လိုက်တော့တာပဲလို့ ဂျော့ရှ်က ဆိုပါတယ်။
“အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ မဆုံးရှုံးတာ ကံကောင်းတာပဲ ဒဏ်ရာကို ကုသပေးတဲ့ ဝီပါဆေးရုံက ဝန်ထမ်းတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်” လို့ သူက ပြောပါတယ်။
အဲ့ဒီနောက် ဂျော့ရှ်ကို ပေါင်ရင်း ပတ်တီးစည်းပြီး သဘောင်္ပေါ်မှာ ငါးမန်းကြီးကို ကိုင်မြှောက်ထားတဲ့ လျှပ်တပြက်ပုံကို ဓါတ်ပုံတွေမှာ မြင်ရမှာပါလို့ သည်ဆန်းရဲ့ မေလ ၆ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။