အမြန်လမ်းမကြီးတွင် ခရီးသည်ယာဉ်နှစ်စီးတိုက်၊ ၁ ဦးသေ ၂၅ ဦးခန့် ဒဏ်ရာရ
DVB
·
April 22, 2017
မန္တလေးတိုင်းဒေသကြီး ပေပင်လေးအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၂၄၃/၄ နဲ့ ၂၄၃/၅ အကြားမှာ ဒီနေ့မနက် ၁ နာရီခွဲလောက်က ခရီးသည်တင် ယာဉ်နှစ်စီး တိုက်မိလို့ ၁ ဦး သေဆုံးပြီး ၂၅ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။
"ဒို့ညီနောင်ယာဉ်က ရှေ့ကမောင်းတယ်၊ ပြည့်ဖြိုးအောင်ယာဉ်က နောက်ဝင်တိုက်တာပါဗျ။ ယာဉ်တိုက်မှုကြောင့် ဒို့ညီနောင်ယာဉ်ပေါ်ပါတဲ့ အမျိုးသား ၁ ဦး သေဆုံးတယ်ပေါ့။ ဆေးရုံကိုပို့ပေးချိန် လမ်းမှာဆုံးတာပါဗျ။ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ မိတ္ထ္ထိလာဆေးရုံကို ပို့ပေးထားပါတယ်" လို့ ပေပင်လေးအမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒို့ညီနောင် EXPRESS ယာဉ်ပေါ်ပေါ် က်ပါလာတဲ့ တပ်ကြပ်ကြီး အေးချို ခလရ ၁၄၄ ကျိုင်းတုံမြို့နယ်နေသူမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ/နှာခေါင်းသွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး အမျိုးသား ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ပြည့်ဖြိုးအောင် EXPRESS ယာဉ်ပေါ်ကတော့ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၂ ဦး ဒဏ်ရာများရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ယာဉ်မဆင်မခြင်မောင်နှင်တဲ့ အောင်မျိုးထက်အား ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)
ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့