ရေးမြို့နယ်တွင် ငါးဖမ်းလှေတစီး ဆေးလိပ်မီးမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
DVB
·
April 8, 2017
မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျေးရွာအုပ်စု အဘော်ကျားတန်းရှိ ချောင်းထဲမှာ ဦးသိန်းစိုး ပိုင်ဆိုင်တဲ့ ပင်လယ်ငါးဖမ်းစက်လှေတစီး ဧပြီ ၈ ရက်နေ့ မနက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
ညစောင့်အဖြစ် ထားရှိတဲ့ ရေလုပ်သား သန့်ဇင်ဆိုသူက ဆေးလိပ်သောက်ပြီး မီးစွဲနေတဲ့ ဆေးလိပ်တိုကို ငါးဖမ်းငါးသယ်လှေရဲ့ ပေါင်းမိုး ခေါင်းမိုးပေါ် တင်ထားရာကနေ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။
အနီးပတ်ဝန်းကျင်က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြလို့ မိနစ်အနည်းငယ်အတွင်း ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိဘဲ ရှုံးမှုတန်ဖိုးက ၃၀၀၀ ကျပ်သာ ရှိတယ်လို့ ရေးမြို့မရဲစခန်း ရဲမှတ်တမ်းက ဖော်ပြထားပါတယ်။
မီးကို ပေါ့ဆစွာအသုံးပြုသူ သန့်ဇင်ကို ဒုရဲအုပ်ဒါးရှင်းခိုက်က တရားလိုပြုလုပ်တိုင်တန်းကာ ရေးမြို့မ ရဲစခန်းက ရာဇာသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
နေမျိုးထွဋ်(ရေး)