Home
မြန်မာသတင်း
ကသာခရိုင်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး
DVB
·
March 26, 2017
kt6
kt5
kt3
kt2
kt1
kt
kt4
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မြို့နယ်အချို့မှာ မတ်လ ၂၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီး ကျောင်း ၁ ကျောင်း၊ လူနေအိမ် ၉ လုံး အမိုးများပျက်စီးခဲ့ပြီး နွား ၁ ကောင်သေဆုံးခဲ့ပါတယ်။ ဗန်းမောက်မြို့နယ် ကံရွာအုပ်စု အလယ်ကျေးရွာမှာ မတ်လ ၂၅ ရက်ညနေ ၄ နာရီ ၁၅ မိနစ်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃ လုံး အမိုးများ ပျက်စီးခဲ့ပြီး နွား ၁ ကောင်သစ်ပင်ပိသေဆုံးခဲ့ပါတယ်။ ပင်လည်ဘူးမြို့နယ်မှာ မတ်လ ၂၅ ရက်ညနေ ၄ နာရီ လေပြင်းတိုက်ခတ်မှုကြောင့်  တံတားကိုင်းအုပ်စု စက်စုကျေးရွာမှာ လူနေအိမ် ၁ လုံး၊ နန်းတပ်အုပ်စု ဥသျှစ်ကုန်းကျေးရွာမှာ လူနေအိမ် ၁ လုံး၊ ဝါးယူးသာအုပ်စု ဝါးယူးသာကျေးရွာ ဘုန်းတော်ကြီးကျောင်း သွပ်မိုးတွေ ပျက်စီးခဲ့ပါတယ်။ ကောလင်းမြို့နယ်မှာ မတ် ၂၅ ရက်ညနေ ၄ နာရီခွဲ လေပြင်းတိုက်ခတ်မှုကြောင့် တောင်ပုံအုပ်စု ဥတုံးပင်ကျေးရွာမှာ နေအိမ် ၁ လုံး၊ နနွင်းတောအုပ်စု ဖန်းခါးခုံကျေးရွာနဲ့ နေအိမ် ၁ လုံး အမိုးတွေ ပျက်စီးခဲ့ပါတယ်။ အင်းတော်မြို့နယ်မှာ အောင်းကုန်း ကျေးရွာမှာလည်း မတ်လ ၂၅ ရက်ညနေ ၄ နာရီခွဲ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂ လုံး သက္ကယ်မိုးတွေ ပျက်စီးခဲ့တယ်လို့ ကသာခရိုင်မီးသတ်ဦးစီးဌာနရဲ့ မတ်လ ၂၆ ရက်နေ့အထိ ရောက်ရှိနေတဲ့ စာရင်းတွေအရ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024