Home
မြန်မာသတင်း
မြန်မာ့တပ်မတော်က အိန္ဒိယနယ်ထဲသို့ ကျူးကျော်ခဲ့ခြင်း မရှိခဲ့ဟုဆို
DVB
·
March 14, 2017
17309457_751648005011096_1645365972500452642_n
  မြန်မာ့တပ်မတော်အနေနဲ့ မြန်မာနဲ့  အိန္ဒိယနိုင်ငံနယ်စပ် မဏိပူပြည်နယ်ထဲက ကျေးရွာတရွာဆီ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော် နယ်မြေတာဝန်ရှိ အရာရှိတဦးကငြင်းဆိုလိုက်ပါတယ်။ “တမူးမြို့ မြို့ရှောင်လမ်းဘက်က ဟိုလင်းဖိုင်ရွာမှာ ကျနော်တို့ သစ်စက်အဆောက်အုံတခု ကျူးကျော်လို့ ဥပဒေနဲ့အညီ ဖျက်သိမ်းခဲ့တယ်။ တပ်မတော်တင်မဟုတ်ဘဲ ရဲ၊ ထွေအုပ်အဖွဲ့တွေ ပါတယ်။ ဒါကို ကျူးကျော်တယ်လို့ ပြောတယ်။ တကယ်က နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားနေရာ ဖြစ်နေတဲ့အတွက် တဖက်ကို ဆယ်မီတာအတွင်း နှစ်နိုင်ငံ အဆောက်အအုံ ဘာတခုမှ ဆောက်လို့ မရဘူး။ ဒါကို တားခဲ့ပေမယ့် လက်မခံလို့ ကျနော်တို့ ဖျက်သိမ်းပစ်ခဲ့တာ” လို့ နယ်မြေတာဝန်ရှိ တပ်မတော် အရာရှိတဦးက ဒီဗွီဘီကိုပြောပါတယ်။ မြန်မာစစ်တပ်က ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က မဏိပူပြည်နယ် ဟိုလင်းဖိုင်ရွာထဲကို ဝင်ရောက်ခဲ့ပြီး လွှစက်တခုကို မီးရှို့ကာ စက်ပစ္စည်းတွေ အားလုံးကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်တွေ ဝင်ရောက်ခဲ့တဲ့အတွက် အိန္ဒိယအစိုးရအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ချထားပေးဖို့ ဟိုလင်းဖိုင်နဲ့ နီးစပ်ရွာတွေက ဒေသခံတွေ ပြီးခဲ့တဲ့ သောကြာနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒေသခံ ကျေးရွာ အကြီးအကဲတဦးက "ကျနော်တို့က အိန္ဒိယနိုင်ငံတွင်း ငြိမ်းချမ်းစွာ နေလိုပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ လုံခြုံမှု မရှိပါဘူး။ ကျနော်တို့ မြန်မာစစ်တပ်ကို ကြောက်နေရပါတယ်" လို့ ပြောပါတယ်။ မြန်မာ-အိန္ဒိယ ထိစပ်နယ်နိမိတ် တော်တော်များများမှာ နယ်နိမိတ်စည်း အငြင်းပွားမှုတွေ ဖြစ်နေပြီး ၄င်းအငြင်းပွား နယ်နိမိတ်စည်းတွေပေါ်မှာ အိန္ဒိယအစိုးရအနေနဲ့လည်း လာရောက်တိုင်းတာဖို့ ကမ်းလှမ်းထားပေမယ့် ယနေ့ထိ လာရောက်တိုင်းတာခြင်း မရှိသေးဘူးလို့ သိရပါတယ်။ “နှစ်နိုင်ငံ နယ်နိမိတ်တိုင်းဖို့ အိန္ဒိယဘက်ကို ခေါ်ထားတယ်။ လေးလလောက်ရှိပြီ မလာဘူး။ ကျနော်တို့ဘက်က နယ်နိမိတ်တိုင်းဖို့ အဆင်သင့် မြေစာရင်းတွေနဲ့ စောင့်နေတယ်” လို့လည်း တပ်မတော်အရာရှိတဦးကပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024