လောက်ကိုင်တွင် တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွား (ရုပ်သံ)
DVB
·
March 7, 2017
လောက်ကိုင်မှာ မတ်လ ၆ ရက်နေ့ည ၇ နာရီလောက်ကတည်းက စပြီး ဒီနေ့ မနက် ၇ နာရီ အထိ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပါတယ်။
လက်နက်ကြီးပစ်သံတွေ စက်သေနတ်ပစ်သံတွေ အဆက်မပျက်ဆိုသလို လောက်ကိုင်မြို့ပေါ်ကနေ အတိုင်းသားကြားနေရပြီး လောက်ကိုင်ကနေ ကွမ်းလုံ၊ လားရှိုးဘက်ပြန်တဲ့ လိုင်းကားတွေဟာ ဒီနေ့ မနက် အစောပိုင်းမှာပဲ ပြေးဆွဲမှု မရှိတော့ပါဘူး။
အရင်က လူစည်ကားနေတဲ့ လောက်ကိုင်မြို့ပေါ်မှာ အခုဆိုရင် လူသူကင်းမဲ့ သလောက်နည်းပါးသွားပြီး အများကတော့ ရှောင်တိမ်းနေကြပါတယ်။
လောက်ကိုင်-လားရှိုး ကားခတွေလည်း မြင့်တက်နေပြီး ကားခတယောက်ကို အမြင့်ဆုံး ယွမ် ၅၀၀ မြန်မာငွေ ၁ သိန်းလောက်ထိ ပေါက်ဈေးဖြစ်နေပါတယ်။