လောက်ကိုင်မြို့တွင်း တင့်ကားများဖြင့်လုံခြုံရေးကင်းလှည့်လည်နေ (ဓာတ်ပုံ)
DVB
·
March 6, 2017
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လောက်ကိုင်မြို့ပေါ်မှာ စစ်သံချပ်ကားတွေ ကင်းလှည့်နေပြီး လမ်းတလျှောက်မှာလည် တပ်မတော်က လုံခြုံရေး တိုးမြှင့်ထားပါတယ်။
မြန်မာ-တရုတ်နယ်စပ်က ရန်လုံကျိုင်းစစ်ဆေးရေးဂိတ်ဘက်မှာတော့ တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး လောက်ကိုင်မြို့ပေါ် ဖြစ်တဲ့ တိုက်ပွဲကတော့ မနက် ၈ နာရီခွဲမှာ ပြီးသွားပြီလို့ သိရပါတယ်။
လောက်ကိုင်မြို့ရဲ့ ထွမ်ဖော်မာ ကို MNDAAက ခွဲလိုက်တဲ့အတွက် တမြို့လုံးမီးပျက်နေပါတယ်။