PPST နှင့် PPWT ဆွေးနွေးပွဲ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ မိန့်ခွန်း (ရုပ်သံ)
DVB
·
March 4, 2017
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (အန်စီအေ) စာချုပ်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း၊ စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်ချီတက်ကြရန် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ်လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ လုပ်ငန်းအဖွဲ့ PPWT ဖွဲ့တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးရဲ့ အဖွင့်သဘာပတိ မိန့်ခွန်းမှာပြောသွားတာပါ။
အစည်းအဝေးကို မတ် ၄ ရက်နေ့ကနေ ၆ ရက်နေ့မထိ ကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ၁၁ ရက်နေ့တွေမှာ PPST ရဲ့ လော်ခီးလာ အစည်းအဝေးဆုံးဖြတ်ချက်တွေ ပြန်လည်သုံးသပ်တာ၊ ဝ ဦးဆောင်လှုပ်ရှားမှု အခြေအနေ၊ UNFC ဦးဆောင်လှုပ်ရှားမှုနဲ့အလားအလာ အပါအဝင်၂၁ ရာစုပင်လုံးညီလာခံ ဒုတိယ အစည်းဝေး စတဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေ သုံးသပ်တာတွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။