Home
မြန်မာသတင်း
ကော့သောင်းမြို့ တောရကျောင်း ကိုရင်ကြီးထံမှ စိတ်ကြွဆေး ကျပ်သိန်း ၃၀ ကျော်ဖိုးခန့် ဖမ်းမိ
DVB
·
February 24, 2017
wy3
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိ တောရဘုန်းကြီးကျောင်းက ကိုရင်ကြီးတပါးဆီကနေ ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက wy စိတ်ကြွဆေးပြား ကျပ်သိန်း ၃၀ ကျော်ဖိုးလောက် ဖမ်းဆီးရမိတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက် ည ၁၁ နာရီလောက်က နယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ်သက်ပိုင်ဦးနဲ့အဖွဲ့ လှည့်ကင်းဆောင်ရွက်နေချိန် အေးမြကန်သာရပ်ကွက်၊ ရှင်ဖြူရှင် တောင်ပတ်လမ်း ၅ ခန်းတွဲတန်းလျားမှာ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ အခန်းအမှတ် ၅ မှာနေထိုင်တဲ့ ဇော်မင်းထိုက်(ခ)မင်းထိုက်ရဲ့ အိပ်ရာဘေးမှာ wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၆ ပြား၊ ဆေးရှူကရိယာနဲ့ မြန်မာကျပ်ငွေ ၂၃၀၀၀ကျပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ ရဲက ဆက်လက်မေးမြန်းရာ ကော့သောင်းမြို့ ၅ သုံးလုံးတောင်ပေါ်ရှိ တောရကျောင်းနေ ကိုရင်ကြီးဝဏ္ဏသီရိဆီက ဝယ်ယူခဲ့ပြီး ရောင်းချသုံးစွဲရာမှာ ကျန်တဲ့ ဆေးပြားတွေဖြစ်တယ်လို့ ထွက်ဆိုချက်အရ ၅သုံးလုံးတောင် တောရကျောင်းမှာ နေထိုင်တဲ့ ကိုရင်ကြီးကို သွားရောက်ဖမ်းဆီးစဉ် ပန်းရောင်အိတ်တလုံး လွှင့်ပစ်လိုက်တာကို သက်သေတွေက တွေ့ရှိရှာဖွေရာ အိတ်အတွင်းမှာ wy စာတမ်းပါ စိတ်ကြွဆေးပြား ၆၄၇ ပြား (ကာလတန်ဖိုး ကျပ် ၃၂၃၅၀၀၀) ကိုတွေ့ရှိသိမ်းဆည်း နိုင်ခဲ့ပါတယ်။ အဆိုပါမူးယစ်ဆေးတွေကို  လွန်ခဲ့တဲ့ ၄ ရက်လောက်က ဇော်ခက်ဆီက ဝယ်ယူခဲ့ကြောင်း သိရပြီး မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ ဇော်မင်းထိုက်(ခ)မင်းထိုက်၊ ဆေးပြားများရောင်းချပေးခဲ့သူ ကိုရင်ကြီးဝဏ္ဏသီရိ(ခ) အောင်အောင်နဲ့ ဇော်ခက်တို့ကို ကော့သောင်းမြို့မရဲစခန်းက  အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - လတ်ကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024