မြိတ်မြို့တွင် ယာဉ်တိုက်မှုဖြစ်၊ ၃ ဦးသေ ၂ ဦးဒဏ်ရာရရှိ
DVB
·
February 22, 2017
မြိတ်မြို့တွင် ယာဉ်တိုက်မှုဖြစ်၊ ၃ ဦးသေ ၂ ဦးဒဏ်ရာရရှိ
ဒီဗွီဘီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက်ညက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျွဲကူး ရဲကင်းရဲစခန်းက သိရပါတယ်။
မြိတ်-ကျွဲကူးလမ်းမပေါ် မိုင်တိုင်အမှတ် (၇/၆) နဲ့ (၇/၅) အကြား မြိတ်ဘက်မှ ကျွဲကူး ဘက်သို့ လူ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်နဲ့ ကျွဲကူးဘက်မှ လူ ၂ ဦးလိုက်ပါလာတဲ့ ဆိုင်ကယ်တို့ ကားလမ်းမ အလယ်မှာ မျတ်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
နံပါတ်မပါ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်မောင်းနှင်တဲ့ ဘတုတ် ဟာအခင်းဖြစ်နေရာမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး အလယ်မှလိုက်ပါလာတဲ့ မျိုးဇော်ထွေးနဲ့ နောက်မှ ထိုင်လိုက်လာတဲ့ ဇော်မင်း အသီးသီးဒဏ်ရာရ ရှိခဲ့ပါတယ်။ တခြားတဖက်က ၂ ယောက်စီးပြီး မောင်းနှင်လာတဲ့ Click I 125 ဆိုင်ကယ် မောင်းနှင်လာတဲ့ အသက် ၂၅ နှစ်အရွယ် အမည်မသိအမျိုးသားတဦးလည်း ယာဉ်တိုက်မိစဉ် ရရှိတဲ့ ဒဏ်ရာတွေကြောင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ပါတယ်။ သူရဲ့နောက်ကနေ ထိုင်လိုက်လာတဲ့ ၂၇ နှစ်အရွယ် အမည်မသိ လူငယ်မှာ နဖူးအလယ်တည့်တည့်ဖူးယောင် ပေါက်ပြဲ ဒဏ်ရာ ရရှိပြီး နေရာမှာပင် သေဆုံးခဲ့ပါတယ်။
ဆိုင်ကယ်တိုက်မှုနဲ့ ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ -၃၀၄(က) /၃၃၈/၃၃၇ အရအမှုဖွင့်လှစ်ပြီး အမှုကို ဒုရဲအုပ် အောင်ဇော်က စစ်ဆေးနေပြီး ဆိုင်ကယ်စီး အမည်မသိလူငယ်နှစ်ဦးရဲ့ မိဘဆွေမျိုးတွေကိုလည်း စုံစမ်း အကြောင်းကြားနေတယ်လို့ သိရပါတယ်။
သတင်း - ဇော်ဇော် (မြိတ်)