ရန်ကုန်တိုင်း ၄ ခရိုင်တွင် လုံခြုံရေးတိုးမြှင့်
DVB
·
February 6, 2017
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အနေနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးရေးအတွက် ခရိုင် ၄ ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ လုံခြုံရေးတာဝန်တွေ တိုးမြှင့် ချထားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နယ်မြေတွေအလိုက် ရပ်ကင်းတွေ၊ စက်ဘီးလှည့်ကင်းတွေ၊ မော်တော်ဆိုင်ကယ် လှည့်ကင်းတွေ၊ မော်တော်ယာဉ်လှည့်ကင်းတွေအပြင် ယာဉ်စစ်ပိတ်ဆို့လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြို့ဝင်မြို့ထွက်နေရာတွေ၊ အရေးကြီး အဆောက်အအုံတွေဖြစ်တဲ့ သာသနိက အဆောက်အအုံတွေ၊ တန်ခိုးကြီးဘုရားစေတီတွေ၊ ဆေးရုံတွေ စတဲ့ လူစည်ကားရာ နေရာတွေမှာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဟိုတယ်၊ မိုတယ်၊ အင်းနဲ့ တည်းခိုခန်းတွေမှာလည်း တာဝန်ရှိသူတွေ ပူးပေါင်းကာ တည်းခိုသူစာရင်းတွေကိုလည်း စစ်ဆေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။