Home
မြန်မာသတင်း
ဂျာနယ်ထုတ်ဝေသူ ဦးခင်မောင်အေး နေအိမ်ကို ရဲတပ်ဖွဲ့ ၀င်ရောက်ရှာဖွေမှု သတင်းစာရှင်းလင်း
DVB
·
January 15, 2017
kma
သူရိယနေဝန်းဂျာနယ်ထုတ်ဝေသူ ဦးခင်မောင်အေးရဲ့နေအိမ်ကိုရဲတပ်ဖွဲ့က လာရောက် ရှာဖွတာနဲ့ပတ်သက်ပြီး ဇန်န၀ါရီ ၁၄ ရက်နေ့ ညနေ ၅ နာရီက ဂျာနယ်တိုက်မှာ သတင်းစာ ရှင်းလင်းခဲ့ပါတယ်။ ဦးခင်မောင်အေးရဲ့အိမ်ကို ဇန်နဝါရီ ၁၃ ရက်က ရဲတပ်ဖွဲ့ကလာရောက်ရှာဖွေတုန်း ကာယကံရှင်မရှိတဲ့အတွက် အဖမ်းမခံရဘူးလို့ ဂျာနယ်တိုက်ရဲ့ ဥပဒေအကြံပေး ဦးတင်သန်းဦးက ပြောပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ သူရိယနေဝန်း ဂျာနယ်ထုတ်ဝေသူ ဦးခင်မောင်အေးကို ၆၆ (ဃ) နဲ့ တာမွေရဲစခန်းက လာရောက်ဖမ်းသွားကြောင်း သတင်းတွေ ပျံ့နှံ့နေပေမယ့် ဂျာနယ်တိုက်ရဲ့ ဥပဒအကြံပေးကတော့ အဖမ်းမခံရသေးဘူးလို့ ငြင်းဆိုထား ပါတယ်။ သူရိယနေဝန်းရဲ့ ဂျာနယ်စာမျက်နှာပါ ဆောင်းပါးတပုဒ်ဟာ စစ်ဖက်ဆိုင်ရာ အရာရှိတဦးကို ပုတ်ခတ်တဲ့ ဆောင်းပါးကြောင့် အဖမ်းခံရတယ်လို့လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024