ဖြူးမြို့တွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်
DVB
·
December 25, 2016
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၁/၃ နဲ့ ၁၄၁/၄ အကြားမှာ ဒီဇင်ဘာ ၂၄ ရက် နံနက် ၆ နာရီအချိန်လောက်က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဖြစ်စဉ်မှာ ရန်ကုန်ကနေ မန္တလေးဘက် ယာဉ်မောင်း ဇော်မျိုးလွင် မောင်းလာတဲ့ 8J/4756 NISSAN ၁၂ ဘီးယာဉ်ကို နေပြည်တော်ကနေ ရန်ကုန်ဘက် ယာဉ်မောင်း ကျော်ဆန်းအောင် မောင်းနှင်လာတဲ့ 2H/4708MITSUBUSHSI CANTER ကယ်ရီယာဘောက် VEN အမျိုးအစားယာဉ်က ဆိုက်ကားတစီးကို ကျော်တက်ရာမှ တဖက်ယာဉ်ကြောက ၁၂ ဘီးယာဉ်ကို မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ကျော်ဆန်းအောင်နဲ့ ယာဉ်ပေါ်ပါ ဇော်မင်းဌေးတို့ ဒဏ်ရာတွေရရှိခဲ့လို့ ဖြူးမြို့နယ်ဆေးရုံကို တင်ပို့ဆေးကုထားပြီး မစိုးရဘူးလို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြူးမြို့မရဲစခန်းက ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ကျော်ဆန်းအောင်းကို ယာဉ်(ပ)၄၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း ကျော်အောင် ( ကညွတ်ကွင်း )