Home
မြန်မာသတင်း
ကေအိုင်အေတပ်ဖွဲ့ နယ်စပ်ဖြတ်ကျော် တိုက်ပွဲဝင်ဟု ကာချုပ်ရုံး သတင်းထုတ်
DVB
·
December 8, 2016
15418451_1150722355048628_6829598445734661901_o
ကေအိုင်အေတပ်ဖွဲ့ဟာ နယ်စပ်ဝင်ထွက်သွားလာခွင့် ကတ်တွေကိုကိုင်ဆောင်ပြီး နယ်စပ်ဖြတ်ကျော် သွားလာ တိုက်ပွဲဝင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နမ့်ကွတ်ကျေးရွာအနီး နယ်မြေ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကို ကေအိုင်အေ၊ တီအန်အယ်လ်အေ အဖွဲ့တို့က ဒီဇင်ဘာ ၅ ရက်ညပိုင်းမှာ လာတိုက်ခိုက်ပြီးနောက် ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းမှာ အဲ့ဒီဒေသတ၀ိုက် စစ်တပ်က နယ်မြေရှင်းလင်းစဉ် ကေအိုင်အေ၊ တီအန်အယ်လ်အေအဖွဲ့ နေထိုင်ခဲ့တဲ့ သစ်ရွက်တဲ ၇ လုံး၊ ဆက်သွယ်ရေးမြောင်းတွေ အနီးမှာ မှတ်ပုံတင် ၂ ခုနဲ့ နယ်စပ်ဝင်ထွက်သွားလာခွင့် လက်မှတ် ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့ တယ်လို့ သိရပါတယ်။ သူတို့တတွေဟာ ကာမိုင်းနဲ့ တနိုင်းဘက်က ကေအိုင်အေတပ်ဖွဲ့ဝင်တွေဖြစ်ပြီး နယ်စပ်ဝင်ထွက် သွားလာခွင့်ကတ်တွေကို ကိုင်ဆောင်ကာ နယ်စပ်ဖြတ်ကျော်သွားလာ တိုက်ပွဲဝင်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024