Home
မြန်မာသတင်း
အမျိုးသားလွှတ်တော်ကော်မတီ ၃ ခု၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပြင်ဆင်အစားထိုး
နေဖြိုးဝင်း
·
December 6, 2016
15288568_1494225733925774_3817823126971901628_o
  ဒီဇင်ဘာ ၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကော်မတီ ၃ ခုက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ ပြင်ဆင်အစားထိုးတာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့တာပါ။ လက်ရှိ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအစား ဒေါက်တာသန်းဝင်း၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းအစား အတွင်းရေးမှူး ဒေါက်တာဇော်လင်းထွဋ်၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာဇော်လင်းထွဋ်အစား ဒေါက်တာစန်းမောင်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခွန်ဝင်းသောင်းအစား ဦးအောင်ကြည်ညွန့်၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးဝင်းသိန်းအစား ဗိုလ်မှူးချုပ်ချစ်ဦးတို့ကို အစားထိုး ပြင်ဆင်ဖွဲ့စည်းတာ ဖြစ်ပါတယ်။ အခုလို ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးနဲ့ အဖွဲ့ဝင်တွေ ပြင်ဆင်အစားထိုး ဖွဲ့စည်းတာကို ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024