ကောလင်းမြို့နယ်တွင် တရားမဝင် သစ်စက်များနှင့် သစ်ခွဲသားများဖမ်းမိ
DVB
·
November 20, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာခရိုင် ကောလင်းမြို့နယ် လာကာကျေးရွာအနီး မှာ နိုဝင်ဘာလ (၁၇-၁၈) နှစ်ရက်ဆက်တိုက် တရားမဝင် သစ်စက်နဲ့ သစ်ခွဲသားတွေ ဖမ်းဆီး ရမိခဲ့ပါတယ်။
တိုင်းသစ်တော ဦးစီးအဖွဲ့နဲ့ ကသာခရိုင် မှ လ/ထ ညွှန်ကြားရေး ဦးစီးသော သစ်တော လုံခြံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လာကာကျေးရွာ အနောက်ဘက် တောင်ရိုးတလျှောက်မှ လာကာ သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်စက်လည်နေကြောင်း သတင်းအရ တောနင်းရှာဖွေရာ တရားမဝင် သစ်စက် ၆ လုံး၊ ဆက်စပ် ပစ္စည်းများနဲ့ အတူ သစ်တန် (၁၀၀) ကျော်၊ သစ်ဆွဲရာမှာ အသုံးပြုနေတဲ့ ဆင် ၁ ကောင်နဲ့ လူ ၂ ဦး တို့ကို ဖမ်းဆီး ရမိခဲ့ပါတယ်။
စုစုပေါင်းကာလ တန်ဖိုး ငွေကျပ်သိန်း (၁၅၀) ခန့် ဖမ်းဆီးရမိခဲ့တာပါ ။
တရားမဝင် သစ်စက်လည်နေသူ လာကာကျေးရွာနေ ဦးဝင်းလှိုင် အသက် ၄၂ နှစ်နဲ့ ဒေါ်ရီခိုင် အသက် ၃၇ နှစ်တို့ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးမှု ဥပဒေပုဒ်မ ၆/(၁) နဲ့ အမှုဖွင့် အရေးယူထားတယ် လို့ ကသာခရိုင် သစ်တောဦးစီးဌာနက ပြောပါတယ်။
သီဟဆွေ (ကသာ)