မိုးညှင်းမြို့တွင် ရထားနှင့်ကား တိုက်မှု ဖြစ်ပွား (ရုပ်သံ)
DVB
·
October 23, 2016
မန္တလေးကလာတဲ့ စက်ခေါင်းအမှတ် DF- 2051 ကုန်ရထားတစီးဟာ မိုးညှင်းမြို့ ရှောင်လမ်း သံလမ်းကျော်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ နေလယ် ၁၂ နာရီခွဲလောက် ကားတစီးနဲ့ တိုက်မှုဖြစ်ပွားခဲ့ပါတယ်။
သံပိုက်လုံး ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်အမှတ် MDY HJ- 2839 ၁၂ ဘီးကားဟာ မိုင်ကုန်း မိုးညှင်းအကြားက အင်ကြင်းကုန်း လမ်းခွဲ မီးရထားသံလမ်းကျော်မှာ မီးရထားစက်ခေါင်းကို တိုက်မိခဲ့တာပါ။
ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ယာဉ်နောက်လိုက်ပါလာသူ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး တဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ယာဉ်မောင်းဖြစ်သူ ထွက်ပြေး တိမ်းရှောင်သွားပြီး ညနေပိုင်းအချိန်မှာ မီးရထားသံလမ်းပိုင်း ပုံမှန်သွားလာနိုင်မယ်လို့ မိုးညှင်းခရိုင် ဒုတိယရဲမှူးကြီး ခင်မောင်ရွှေက ပြောပါတယ်။
သတင်းရုပ်သံ - သီဟဆွေ (ကသာ)