ရန်ကုန်မြို့လယ်က လမ်းဘေးဈေးသည်အားလုံး လိုင်စင်ဖြင့်သာ ဈေးရောင်းရတော့မည်
DVB
·
October 14, 2016
ရန်ကုန်မြို့လယ် ၆ မြို့နယ်ရဲ့ အများပြည်သူပိုင်မြေနဲ့ လမ်းမတွေပေါ်က ဈေးသည်အားလုံး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ချထားပေးတဲ့ လိုင်စင်ရှိမှ ဈေးရောင်းချခွင့် ပေးတော့မယ်လို့ ရန်ကုန်မြို့တော်ဝန်ဒေါက် တာမောင်မောင်စိုးက ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာလ ၁၄ရက်နေ့ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လသာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်ရဲ့ လမ်းဘေး ဈေးသည်တွေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့မေးမြန်းမှုကို မြို့တော်ဝန်က ပြန်လည်ဖြေဆိုခဲ့ တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ လမ်းဘေးဈေးသည်တွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုမိုဆိုးရွားနေတာ ဖြစ်ပါတယ်။ အဲဒါအပြင် ဈေးဆိုင်တွေရဲ့စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေလည်းဖြစ်ပေါ်နေပါတယ်။
သတင်း - ဇေယျာချမ်းအေး