သာစည်မြို့အနီး ငလျင်လှုပ်
DVB
·
October 14, 2016
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ရဲ့ အရှေ့တောင်ဘက် ၂၉ မိုင်ခန့်ကွာဝေးတဲ့ ကုန်းတွင်းပိုင်း တစ်နေရာကို ဗဟိုပြုပြီး ဒီကနေ့ မနက်က မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ လူကယ်ပြန်ဌာနက သတင်းထုတ်တယ်။
အောက်တိုဘာ ၁၄ ရက် မြန်မာစံတော်ချိန် မနက် ၅ နာရီ ၅၁ မိနစ်အချိန်လောက်မှာ အင်အား ရစ်ခ်ျတာစကေး ၃.၇ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်သွားတာလို့ ထိုင်းမြေငလျင်သတင်းဌာနကို ကိုးကားဖော်ပြထားပါတယ်။