တရက်တည်း ယာဉ်တိုက်မှု ၂ နေရာတွင်ဖြစ်ပွား၊ ၂ ဦး သေဆုံး
မင်းညို
·
October 12, 2016
တရက်တည်း ပြည်-ရန်ကုန်လမ်းပေါ်မှာ ယာဉ်တိုက်မှု ၂ နေရာမှာ ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီလောက်က ပြည်ဘက်ကနေ ရန်ကုန်ဘက်ကို ပြောင်းဖူးတွေ တင်လာတဲ့ ၆ ဘီးကားနဲ့ ရန်ကုန်ဘက်က မောင်းနှင်လာတဲ့ FAME ဆေးကုမ္ပဏီ ကားတို့ စစ်ကွင်းတာစုံ ရန်ကုန်ဘက်အထွက်မှာ တိုက်မိပြီး ဆေးကုမ္ပဏီ ယဉ်ပေါ်ပါလာတဲ့ ၀န်ထမ်း ၂ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။
ယာဉ်တိုက်မှုအတွက် စစ်ကွင်းရဲစခန်းမှာ ယာဉ်မောင်း ၂ ယောက်လုံးကို ဖမ်းဆီးထားပြီး စခန်းမှူး ရဲအုပ်ခင်မောင်နိုင်က တရားလို ပြုလုပ်ပြီး တရာစွဲဆိုသွားမယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကလည်း နတ္တလင်းမြို့ကနေ ဇီကုန်းမြို့အထွက်မှာ ပြည်ဘက်ကလာတဲ့ ထောက်ပို့တပ်က NISSAN DESEL ကားကို ကျော်တက်လာတဲ့ ယူဒီကောင်တာ 7B/ 2533 ကားက ဘရိတ်မမိတဲ့အတွက် ရန်ကုန် ဘက်ကနေ ပြည်ဘက်ကိုမောင်းနှင်လာတဲ့ 2G/ 3021 SKAT အမျိုးအစားနဲ့ ကား ၃ စီးဆင့် တိုက်လို့ ယူဒီကောင်တာ ကာပေါ်မှာပါလာတဲ့ ကားအုံနာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုအတွက် ယဉ်မောင်း ၃ ယောက်စလုံးကို နတ္တလင်းရဲစခန်းမှာ ခေါ်ယူ စစ်မေးနေတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။
သတင်း - မင်းညို