Homeမြန်မာသတင်း
တိုက်ပွဲဖြစ်ပွားခဲ့သည့် မဲသဝေါဒေသ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးဟု ဘီဂျီအက်ဖ် ကြေညာ (သတင်းဓာတ်ပုံ)
တိုက်ပွဲဖြစ်ပွားခဲ့သည့် မဲသဝေါဒေသ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးဟု ဘီဂျီအက်ဖ် ကြေညာ (သတင်းဓာတ်ပုံ)
DVB
·
September 21, 2016
မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ် မဲသဝေါဒေသကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးပြီလို့ ဘီဂျီအက်ဖ်အဖွဲ့က ကြေညာလိုက်ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က စတင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ မဲသဝေါဒေသအထိ နယ်မြေရှင်းလင်းလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဘီဂျီအက်ဖ်အဖွဲ့မှ ဗိုလ်မှူးခင်မောင်ဝင်းက ဆိုပါတယ်။
တိုက်ပွဲကြောင့် မြိုင်ကြီးငူဒေသကို ရွာပေါင်း ၂၀ လောက်က ဒုက္ခသည် ၄၀၀၀ နီးပါး ထွက်ပြေးခိုလှုံနေကြရပါတယ်။
သတင်း ဓာတ်ပုံ - အောင်ဆန်းဦး