အချုပ်ကားတစီး တိမ်းမှောက်၊ ၁ ဦးသေဆုံး (သတင်းဓာတ်ပုံ)
မင်းညို
·
September 7, 2016
ပြည်ထောင်ကနေ အချုပ်သား ၂၅ ဦးကို သရက်ထောင်ပို့ဖို့ တင်ဆောင်လာတဲ့ အချုပ်ကားတစီး ပဲခူးတိုင်းဒေသကြီး ကံမ-ပြည် လမ်းပေါ်မှာ တိမ်းမှောက်ခဲ့လို့ လူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။
စက်တင်ဘာ ၇ ရက် မနက် ၅ နာရီဝန်းကျင်လောက်က သရက်မြို့အသွား လမ်းပေါ်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ရဲမေ ၄ ဦး၊ ရဲတပ်သား ၂ ဦးနဲ့ အချုပ်သမ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲက ရဲတပ်သား ၁ ဦးကတော့ စိုးရိမ်ရပြီး ကျန်သူတွေက သိပ်မစိုးရိမ်ရဘဲ အချုပ်သမ ၁ ဦးကတော့ လမ်းမှာပဲ သေဆုံးသွားတယ်လို့ ယူဆရကြောင်း လူနာတင်ယဉ်နဲ့ သွားရောက်ကူညီတဲ့ မိုးမေတ္တာပရဟိတအဖွဲ့မှ ဦးစောက ပြောပါတယ်။
ဖြစ်ပွားတဲ့နေရာဟာ န၀ဒေးတံတားအလွန် မိုင်တိုင်အမှတ် ၂၃ မိုင်နဲ့ ၂၃ မိုင် ၁ ဖာလုံအကြားက တောင်အတက်ကွေ့မှာ ဖြစ်ပွားခဲ့တာပါ။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို မိုးမေတ္တာပရဟိတအဖွဲ့က လူနာတင်ယာဉ်တွေနဲ့ ပြည်ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ပါတယ်။