Home
သတင်းဓာတ်ပုံ
၂၁ ရာစုပင်လုံညီလာခံ အောင်မြင်စေရန် ကလောတွင် လမ်းလျှောက်ချီတက် (ဓာတ်ပုံ)
DVB
·
August 31, 2016
21 shan6
21 shan5
21 shan4
21 shan2
21 shan1
21 shan3
ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စေဖို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ပြီး ကလောမြို့ကျောက်တိုင်ကွင်းမှာ လမ်းလျှောက် ချီတက် ထောက်ခံကြိုဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ရှမ်းပြည်နယ်လူထုတွေ အမှန်တကယ်လိုအပ်နေတယ်ဆိုတာ သက်သေပြတဲ့ အနေနဲ့ ထောက်ခံကြိုဆိုပွဲလုပ်တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရမှ တိုင်းပြည်ထူထောင်တဲ့နေရာမှာ လွယ်ကူမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးက ပြောပါတယ်။ ထောက်ခံကြိုဆိုပွဲမှာ ရှမ်းပြည်နယ် ဝန်ကြီး ၄ ပါးဖြစ်တဲ့ စည်ပင်ဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးနဲ့ သဘာဝနဲ့သယံဇာတဝန်ကြီးတို့ တက်ရောက်အားပေးခဲ့ ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်နဲ့ဒေသခံပြည်သလူထု အင်အား ၃၀၀ ကျော်ဖြင့် ကလောမြို့ အဝင်ကနေပြီး ပြည်ထောင်စုလမ်းအတိုင်း ကျောက်တိုင်ကွင်းအထိ လမ်းလျှောက်ချီတက်ခဲ့ ပါတယ်။ သတင်း၊ ဓာတ်ပုံ - ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024