Home
မြန်မာသတင်း
ကေအိုင်အေစခန်းကို မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ကူတိုက်
နန်းမြနဒီ
·
August 24, 2016
Myanmar army helicopter
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ထဲမှာ ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေပြီး သြဂုတ် ၂၃ ရက်နေ့မှာ မြန်မာ့တပ်မတော်ဘက်က ရဟတ်ယာဉ်နဲ့ ကူတိုက်ခဲ့တယ်လို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။ “ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်က ကျနော်တို့ လှုပ်ရှားတပ်ရင်း ၂၅၂ ရှေ့တန်းစခန်းကို အစိုးရတပ်ဘက်က ရဟတ်ယာဉ်နဲ့ လာတိုက်တယ်။ အင်ခမ်ဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်နေတာ ၃ ရက်လောက်ရှိပြီ။ မြန်မာ့တပ်မတော်က ဆမတောင်ဆိုတဲ့နေရာမှာ ရှိတယ်။ မြေပြင်မှာ သူတို့က အဲဒီဘက်ကနေ ပစ်တာ၊ ဒီနေ့တော့ ရဟတ်ယာဉ်နဲ့ လာကူတယ်ပြောတယ်။ အသေးစိတ်တော့ မသိရဘူး။” တခြားဒေသတွေမှာတော့ ဒီနေ့အတွက် တိုက်ပွဲသတင်းတက်လာတာ မရှိသးကြောင်း၊ ဒါပေမယ့် ဒီလထဲမှာ တိုက်ပွဲမကြာခဏ ဖြစ်နေပြီး အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ ဆောင်ရွက်နေချိန် တဘက်မှာ တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘိုက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024