သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့ တွေ့ဆုံ
အောင်ကိုကိုလတ် (နေပြည်တော်)
·
August 22, 2016
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Smt. Sushma Swaraj ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဩဂုတ်လ ၂၂ ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးနဲ့အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်မှာ တွေ့ဆုံခဲ့ပါသေးတယ်။