Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ရေးအစည်းအဝေး ကျင်းပ
DVB
·
August 22, 2016
14089049_10154379500173913_6540684219054759927_n
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း အစည်းအဝေးကို ဒီကနေ့ မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ အစိုးရဘက်မှ ကိုယ်စားလှယ် ၁၈ ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၁ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၄ ဦး တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ အန်စီအေလက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့ရဲ့ကိုယ်စား လှယ် ၁၃ ဦးနဲ့ လက်မှတ်မထိုးဒေးသံ ယူအန်အက်စီ ကိုယ်စားလှယ် ၁၀ ဦးပါဝင်သလို ရှမ်းပြည်နယ်အထူး ဒေသ ၄ အဖွဲ့က ၁ ဦးရောက်ဆွေးနွေးတယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးကော်မတီဝင် ဦးလှမောင်ရွှေ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024