၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်အောင်မြင်ရေး ချီတက်လမ်းလျှောက် (ဓာတ်ပုံ)
DVB
·
August 18, 2016
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ထဲမှာ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်အောင်မြင်ရေးအတွက် သြဂုတ်လ ၁၇ ရက်နေ့က ကြွေးကြော်သံတွေနဲ့ ချီတက် လမ်းလျှောက် ကြိုဆိုခဲ့ကြပါတယ်။
အဲဒီချီတက်ပွဲကို သြဂုတ်လ ၁၇ ရက်နေ့ မနက် ၉ နာရီကနေ စတင်ပြီး လူဦးရေ ၁၀၀ လောက်က ဇီးကုန်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကနေတဆင့် ရန်ကုန်-ပြည်လမ်းတလျှောက် ကြွေးကြော်သံတွေနဲ့အတူ ဇီးကုန်းမြို့ပေါ်သို့ လှည့်လည်ချီတက်ခဲ့ကြတာပါ။
၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး ဒို့အရေး ဒို့အရေး တိုင်းရင်းသူတိုင်းရင်းသားတွေ တန်းတူညီမျစွာ ရရှိနေထိုင်နိင်ရေး ဒို့အရေး ဒို့အရေး ပြည်တွင်းစစ်ပွဲတွေ ရပ်ပြီး ထာဝရ ငြိမ်းချမ်းရေး ဒို့အရေး ဒို့အရေးဆိုသည့် ကြွေးကြော်သံ ၃ ရပ်နဲ့၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်မှသည် ငြိမ်းချမ်းရေး နိုင်ငံတော်သစ်ဆီသို့ အစရှိတဲ့ပိုစတာတွေ ကိုင်ဆောင်ပြီး လှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။