Homeမြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Lu Kang ၏ မှတ်ချက်
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Lu Kang ၏ မှတ်ချက်
DVB
·
August 16, 2016
မေး။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် တရုတ်အစိုးရ က ဘာတွေ စီစဉ်ဆောင်ရွက်နေပါသလဲ၊ ဒီခရီးစဉ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လို သက်ရောက်စေမလဲ။
ဖြေ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ တရုတ်ခေါင်းဆောင်တွေက တွေ့ဆုံကြပြီး နှစ်နိုင်ငံဆက်ဆံရေးအပေါ် အမြင်ဖလှယ်ကြမှာဖြစ်သလို၊ ဘုံအကျိုးစီးပွားကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘီဂျင်းမြို့အပြင် တခြားမြို့တွေကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးက ခိုင်မာသထက် ခိုင်မာလာစေမှာပါ။ ဒီအလည် အပတ်ဟာ အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ မြန်မာခေါင်းဆောင်တယောက်ရဲ့ ပထမဆုံး လာရောက်လည်ပတ်မှုဖြစ်ပြီး၊ တရုတ်-မြန်မာဘက်စုံမဟာဗျူဟာ မိတ်ဘက်ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် အလွန်ကို အရေးပါမှာဖြစ်ပါတယ်။ ဒီအလည်အပတ်ဟာ မဟာဗျူဟာမြောက်ဆက်ဆံရေးတိုးမြှင့်မှု၊ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်း စေမှု၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်မှုကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
မေး။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဟာ မြန်မာအစိုးရက အသစ်ဖန်တီးခဲ့တာ ဖြစ်တယ်လို့ ကြားသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်ဝတ်ပျူငှာပြုဖို့ တရုတ်နိုင်ငံရဲ့ စီမံမှုတွေ နောက်ကွယ်မှာ တခြားအထူးတလည် စဉ်းစားချက်တွေရှိလား။
ဖြေ။ ။ အားလုံးသိထားနှင့်သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဆင့်ဟာ မြန်မာနိုင်ငံတော် အင်္ဂါစဉ်အရ သမ္မတပြီးနောက် ဒုတိယအဆင့်ဖြစ်ပါတယ်။ ဒ့ါအပြင် တရုတ်နိုင်ငံကျင့်သုံးတဲ့ အလေ့အထနဲ့၊ တခြားနိုင်ငံတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် သွားရောက်ခဲ့တဲ့ခရီးစဉ်တွေကို ထောက်ရှုပြီးသကာလ၊ နှစ်ဘက်အကြား ဆက်သွယ်ညှိနှိုင်းပြီးတဲ့နောက်မှာ ၀န်ကြီးချုပ် Li Keqiang က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီခရီးစဉ်အတွက် ဖိတ်ကြားသူအဖြစ် ဆောင်ရွက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မူရင်း ။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန