Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် တောဆင်ရိုင်းများအန္တရာယ် သတိပေးချက်ထုတ်ပြန်
DVB
·
July 10, 2016
11831708_406489866211792_1504609895534245128_n-622x412
ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်း မိုင်တိုင်အမှတ် (၁၆/၀ နှင့် ၃၀/၀) ကြား အောက်ပိုင်းရှိ ကျေးရွာတွေမှာ တောဆင်ရိုင်းတွေ ၀င်ရောက်ဖျက်ဆီးနေတာကြောင့် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနရဲ့ အကူအညီတောင်းခံချက်အရ တောဆင်ရိုင်းတွေကို ရန်ကုန်-မန္တလေးအမြန်လမ်း အထက်ပိုင်းဘက်ကို မောင်းထုတ်နိုင်ရေးအတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ခရီးသွားယာဉ်တွေ ဇူလိုင် ၉ ရက်နေ့ည ၁၀ နာရီကနေ ၁၀ ရက်နေ့ မနက် ၄ နာရီအတွင်း အောက်ပါလမ်းကြောင်းအတိုင်း သွားလာပေးကြဖို့ သတိပေးထားပါတယ်။ (က) မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ယာဉ်များမှာ မိုင် ၃၉/၀ ဘောနတ်ကြီး လမ်းကြောင်းမှ ဘုရားကြီးဘက်ဆင်း၍ ပဲခူးမှတဆင့် ရန်ကုန်ဘက်သို့လည်းကောင်း သွားလာကြပါရန်။ (ခ) ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ယာဉ်များမှာ ပဲခူးလမ်းဟောင်းမှ ဘုရားကြီး၊ ဘုရားကြီးမှ ဘောနတ်ကြီး ရန်ကုန်- မန္တလေးအမြန်လမ်း မိုင် ၃၉/၀ မှတဆင့် အမြန်လမ်းပေါ်သို့ တက်ရောက်ပြီးလိုရာခရီးသို့ သွားလာကြပါရန်။ ၂။ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့များပူးပေါင်းဆောင်ရွက် နေခြင်းအား ခရီးသွားပြည်သူများမှ ကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024