ပြည်နယ်နှင့် တိုင်း ၁၂ ခုတွင် အချိန်အခါမဟုတ် မိုးရွာမည်
DVB
·
March 29, 2016
နေပြည်တော်အပါအ၀င် ပြည်နယ်နဲ့ တိုင်း ၁၂ ခုမှာ မတ်လ ၃၀ ရက်ကစပြီး အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။
မတ် ၂၉ ရက် မွန်းလွဲ ၃ နာရီအချိန် ထုတ်ပြန်ချက်အရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများရဲ့ အရှိန်ကြောင့် မတ် ၃၀ ရက်မှ ဧပြီလ ၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။