Home
သတင်းတို
ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရေးကြီးအဆို လွှတ်တော်တွင် ရာနှုန်းပြည့် နီးပါးထောက်ခံ
နန်းမြနဒီ
·
February 24, 2016
New Parliament 01022016(5
ကချင်ပြည်နယ်တွင်း လူထုအခြေပြုအဖွဲ့အစည်းက ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို အစိုးရအနေနဲ့ အသိအမှတ်ပြုပြီး ကူညီထောက်ပံ့မှုပေးဖို့ အရေး ကြီးအဆိုဟာ ဒီကနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးမှာ ရာနှုန်းပြည့်နီးပါး ထောက်ခံမှုရပြီး အဆိုအောင်မြင်ခဲ့ပါတယ်။ ၀ိုင်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံး ရဲ့ အဆိုပြုချက်ကို အင်ဂျန်းယန်မြို့နယ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော် အမတ် ဦးလမန်နော်အောင်က ထောက်ခံပြီး လွှတ်တော်မှာဆွေးနွေးဖို့ စက်ခလုတ်နဲ့ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူပေါင်း ၃၅၇ ရှိပြီး ကြားနေ ၅ မဲနဲ့ ကန့်ကွက်မဲက ၁၀ မဲရှိတဲ့အတွက် အရေးကြီးအဆိုပြုချက် အောင်မြင်ပြီး မနက်ဖန်လွှတ်တော်မှာ ဆွေးနွေးမယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံး က ဒီဗွီဘီကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024