Home
သတင်းဓာတ်ပုံ
လက်ပံတောင်း မြေသိမ်းခံတောင်သူများ ၇ ကြိမ်မြောက် ဆန္ဒပြပွဲ (သတင်းဓာတ်ပုံ)
DVB
·
February 2, 2016
12647158_451239301747737_3363487778060596109_n
12644847_451239318414402_118562615439268870_n
12662562_451239335081067_3053445960653077015_n
12661991_451239271747740_8849846613186858632_n
လက်ပံတောင်းတောင်ဒေသရှိ မြေယာသိမ်းခံ တောင်သူတွေရဲ့ ၇ ကြိမ်မြောက် ဆန္ဒပြပွဲကို  ဖေဖော်ဝါရီ ၁ ရက်နေ့က ၂ ဘက်ညှပ် ပြုလုပ်ခဲ့ပါတယ်။ နေ့လယ် ၂ နာရီအချိန် ၀မ်ပေါင်ကုမ္ပဏီရှေ့ မြောက်ဘက်ခြမ်း တုံ ၅ ရွာ၊ ဆည်တဲနဲ့ ဇီးတော စတဲ့ဒေသက တောင်သူ ၅၀ ခန့် ဆန္ဒပြခဲ့ပြီး တောင်ဘက်ခြမ်းမှာ မိုးကြိုးပြင် ၃ ရွာက လူ ၃၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။ မိုးကြိုးပြင်တောင်သူတွေဘက်မှာ တုံရွာအုပ်စုထက် ရဲလုံခြုံရေးကို ၂ ဆ ချထားပြီး နှစ်ဘက်စလုံးမှာ သံဆူးကြိုး ၂ ထပ်နဲ့ ပိတ်ထားခဲ့ပါတယ်။ ရဲတွေက လမ်းပိတ်ဆို့သလို တောင်သူတွေကလည်း ဖောင်းကားလွှဲလမ်းကို ပိတ်ထားခဲ့လို့ လမ်းပိတ်ဆို့ကာ ခရီးသွားတွေ အခက်တွေ့ခဲ့ရပါတယ်။ အရင်ရက်တွေက ကုမ္ပဏီကားတွေ အလုပ်အကိုင် မပျက်ခဲ့ပေမယ့် အဲဒီနေ့မှာတော့ လုပ်ငန်းအချို့ ရပ်ဆိုင်းခဲ့ပါတယ်။ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး နယ်လုံဝန်ကြီးပါဝင်တဲ့ အစိုးရအဖွဲ့နဲ့ ဒေသခံ ၃၀၀ လောက် ဇန်န၀ါရီ ၂၆ ရက်နေ့က တွေ့ဆုံခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။ ညနေ ၅ နာရီအချိန်လောက်မှာ မြောက်ဘက်ခြမ်းရှိ ဆန္ဒပြသူတွေက လမ်းပိတ်ထားတဲ့ သံဆူးကြိုးတွေကို ဖွင့်ပေးပြီး ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။ နောက်ရက်တွေမှာ  ဆက်လက်ဆန္ဒပြသွားမှာဖြစ်ပြီး အခုလို လမ်းပိတ်ထားရင် ဖယ်ရှား ဖောက်ထွက်ကာ ၀င်ရောက်ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်းဓာတ်ပုံ - အောင်ကိုလတ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024