Homeမြန်မာသတင်း
နမ့်ဆန်မြို့ ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို တီအန်အယ်လ်အေမှ ၀င်ရောက်ပစ်ခတ်၊ ၄ ဦး ဒဏ်ရာရ
နမ့်ဆန်မြို့ ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို တီအန်အယ်လ်အေမှ ၀င်ရောက်ပစ်ခတ်၊ ၄ ဦး ဒဏ်ရာရ
DVB
·
January 23, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန့်မြို့ရှိ စစ်ဗျူဟာကုန်းနှင့် ရဲစခန်းအား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ)မှ ဇန်န၀ါရီလ ၂၂ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီးနဲ့ ၀င်ရောက်ပစ်ခတ်ရာ လူ ၄ ဦးဒဏ်ရာရှိခဲ့တယ်လို့ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။
"မြို့ထဲမှာ ဗုံးပေါက်တာတော့မဟုတ်ဘူး ညပိုင်းမှာ တီအန်အယ်လ်အေအဖွဲ့က မြို့ထဲ ၀င်ပစ်သွားတာပါ။ ထိခိုက်မှုတော့ ၄ ဦး ရှိတယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိပါဘူး"ဟု ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံး တာဝန်မှူးက ပြောပါတယ်။
နမ့်ဆန်မြို့တွင် ပစ်ခတ်မှုကြောင့် ဓာတ်ကြိုးများပျက်ဆီးခဲ့ကာ လျှပ်စစ်မီးပျက်တောက်ခဲ့ကြောင်း၊ အရပ်သား ၄ ဦးအနက် ကလေး ၂ ဦးနဲ့ လူကြီး ၂ ဦး ထိခိုက်ခဲ့ကြောင်း အသက်အန္တရာယ်စိုးရိမ်ဖွယ် မရှိကြောင်းသိရပြီး ဒီနေ့ နံနက် ၃ နာရီပတ်ဝန်းကျင်ခန့်မှာ လေလှကျေးရွာအနီး ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
သတင်းဓာတ်ပုံ - ကိုဇက်