Home
မြန်မာသတင်း
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့် လွတ်မြောက်
DVB
·
December 10, 2015
12359823_442322549296471_8781216911193467938_n
အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မန္တလေးမှာ ဆန္ဒဖော်ထုတ်မှုနဲ့ တရားစွဲဆို ထောင်ချခံရတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်) က ကိုသိန်းအောင်မြင့် ဒီကနေ့ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး တိုင်းပြည်အတွက် လုပ်နိုင်သလောက် ဆက်လုပ်သွားမယ်လို့ ပြန်လွတ်လာပြီး မီဒီယာနဲ့ တွေ့ဆုံစဉ် ပြောကြားသွားပါတယ်။ ဒါ့အပြင် လက်ရှိ ပြည်သူတွေ ရွေးချယ်တဲ့ အစိုးရတရပ် လက်ဝယ် အာဏာမရသရွေ့ အပြောင်းအလဲတခုဖြစ်တယ်လို့ မယူဆကြောင်း ပြောပါတယ်။ “ကျနော်တို့ ပြည်သူကိုယ်တိုင် ရွေးချယ်ထားတဲ့ အစိုးရတရပ်လက်ဝယ် အာဏာမရမချင်း ကျနော်တို့ အပြောင်းအလဲလုပ်တယ်လို့ ကျနော်တို့ ယူဆလို့မရသေးပါဘူး။ အန်အယ်လ်ဒီ နိုင်ထားတဲ့အတွက် ကျနော်တို့ပြည်သူတွေ လိုလားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပဲဖြစ်ဖြစ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ် လူထုမျှော်လင့်နေတဲ့ အရာတွေ ဖြည်းဖြည်းချင်း ရလာလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။” ကိုသိန်းအောင်မြင့်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း လျှပ်စစ်မီတာခ တိုးမြှင့်လို့ ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံထားရပါတယ်။ ဒါ့အပြင် အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မန္တလေးမှာ ဆန္ဒဖော်ထုတ်မှုနဲ့ သူ့ကို ဧပြီလမှာ နောက်ထပ် ၆ လ ချမှတ်ခံခဲ့ရပါတယ်။ ထောင်တွင်း ၉ လနီးမှာ အကျဉ်းကျခံပြီးမှ ဒီကနေ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024