ရန်ကုန် လျှပ်စစ်ဓာတ်အားကွန်ရက် ချဲ့မည်
ပိုင်စိုး
·
November 24, 2015
ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား မပြတ်တောက်ဘဲ လုံလုံလောက်လောက်ရဖို့ ၂၃၀ ကီလိုဗို့အထိ တိုးမြှင့်ပို့လွှတ်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးမယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ၆၆ ကီလိုဗို့ ပို့လွှတ်နေတဲ့ သီတာ - သာကေတ - ကျိုက္ကဆံ ဓာတ်အားလိုင်းကို အဆင့်မြှင့်တင်ပြီး တောင်ဥက္ကလာပနဲ့ အနောက်ပိုင်းတက္ကသိုလ်မှာ ဓာတ်အားခွဲရုံ ၂ ရုံ တည်ဆောက်သွားမှာပါ။
ဒီစီမံကိန်းက အလုံ၊ သာကေတ၊ တောင်ဥက္ကလာ၊ လှော်ကား၊ မြောင်းတကာ၊ အနောက်ပိုင်းတက္ကသိုလ်နဲ့ လှိုင်သာယာတို့ကို လွှမ်းခြုံနိုင်ပြီး ဓာတ်အားသုံးစွဲသူ ၁ သန်းလောက်ကို အကျိုးဖြစ်စေမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစီမံကိန်းအတွက် မြန်မာအစိုးရကလည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်း ထည့်ဝင်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လမှာ ပြီးစီးမှာ ဖြစ်ပါတယ်။