အန်အယ်လ်ဒီ အပြတ်အသတ်အနိုင်ရရှိမှု အိန္ဒိယကွန်ဂရက်ပါတီ ဂုဏ်ပြု
DVB
·
November 15, 2015
ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အပြတ်အသတ် အနိုင်ရပြီးနောက် အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကြောင်း India Times အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကာလကြာရှည် ကြိုးစားမှုရဲ့  ခိုင်မြဲသော ရပ်တည်ချက်တွေကို အမှတ်ရကြောင်းနဲ့ ကွန်ဂရက် ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြားမှာ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိကြောင်း ပြောကြားထားပါတယ်။
အလားတူ အပြောင်းအလဲ ဖြစ်အောင် သမ္မတ ဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှု၊ ထိန်းကျောင်းပေးမှုကိုလည်း ချီးကျူးထားပါတယ်။
ကွန်ဂရက်ပါတီရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ ရာဟူးလ်ဂန္ဒီကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီရဲ့အောင်ပွဲဟာ မြန်မာနိုင်ငံအတွက် ခေတ်သစ်တခုရဲ့ နိဒါန်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အိန္ဒိယနဲ့ မြန်မာဟာ ပိုမိုနီးစပ်လာမယ်လို့ မျှော်လင့်ကြောင်း တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။