Home
မြန်မာသတင်း
လျှပ်စစ်ရထား နိုဝင်ဘာလတွင် စတင်စမ်းသပ်ပြေးဆွဲမည်
DVB
·
October 29, 2015
Train
ဂျပန်နိုင်ငံက ကူညီပံ့ပိုးပေးတဲ့ လျှပ်စစ်ရထားကို လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့က စတင်စမ်းသပ်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ ဒီရထားပြေးဆွဲနိုင်ဖို့အတွက် ဂျပန်နိုင်ငံက လာရောက်သင်တန်းပေးသွားမှာ ဖြစ်ပါတယ်။ လျှပ်စစ်စီမံကိန်းအတွက် သံလမ်းနဲ့ ရထားဘီးတွေ ကိုက်ညီမှုရှိဖို့အတွက် လျှပ်စစ်ဓာတ်အား မပါပဲ စမ်းသပ်မောင်းနှင်ခဲ့ပြီး အောက်တိုဘာလကုန်မှ လျှပ်စစ်နဲ့ စမ်းသပ်မောင်းနှင်သွားမှာ လို့ မြန်မာ့မီးရထားက အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ်။ အဆိုပါ ရထားပြေးဆွဲဖို့ ဂျပန်နိုင်ငံမှ အဓိကနည်းပညာပံ့ပိုးထားပြီး နိုင်ငံတော်က ကုန်ကျစရိတ်တွေကို တာဝန်ယူသွားမှာဖြစ်ပါတယ်။ လျှပ်စစ်ရထားလက်မှတ်နှုန်းထားခကိုတော့ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024