Home
သတင်းဓာတ်ပုံ
အန်အယ်လ်ဒီအင်္ကျီများဝတ်ပြီး ဆိုက္ကားအစီး ၂၀၀ ကျော်ဖြင့် ကြို့ပင်ကောက်တွင် လှည့်လည်လှုံ့ဆော်
DVB
·
October 6, 2015
12140597_778708348905345_5647031928031019890_n
12112108_778708295572017_4104267121881072003_n
12079458_778708232238690_4889367407748853525_n
12074774_778708252238688_9065007862057623753_n
11207283_778708368905343_3716142871100187028_n
အောက်တိုဘာလ ၆ ရက်နေ့ မနက် ၉ နာရီ မှာ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့မှာ ဆိုက္ကားအစီး ၂၀၀ ကျော်က အန်အယ်လ်ဒီ အင်္ကျီတွေ ၀တ်ပြီး ပါတီအောင်နိုင်ရေးအတွက် မြို့ပေါ်မှာ လှည့်လည် လှုံ့ဆော်ခဲ့ပါတယ်။ ဒီလို အလံတွေ ၀တ်စုံတွေ ၀တ်ဆင်ပြီး မြို့ပေါ်ရှိ လမ်းမတွေပေါ်မှာ ၁ နာရီကျော် လှည့်လည်ပြီး သူတို့ရဲ့ လှုံ့ဆော်မှု အစီအစဉ်ကို ရပ်နားခဲ့ပါတယ်။ ဒီအောင်နိုင်ရေး အစီအစဉ်ကို အန်အယ်လ်ဒီ အစီအစဉ်နဲ့ မဟုတ်ဘဲ မြို့ပေါ်ရှိ အနှေးယာဉ်လုပ်သားတွေက သူတို့ စိတ်ဆန္ဒအလျှောက် ပါတီအောင်နိုင်ရေးအတွက် ကူညီပေးတာဖြစ်ပြီး အင်္ကျီတွေ အလံတွေအတွက် မြို့ပေါ်ရှိ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။ ဒီလို မြို့တွင်းကို လှည့်လည်ဖို့ လမ်းကြောင်းကို အုပ်ချုပ်ရေးပိုင်းကို တရားဝင်ခွင့်ပြုမိန့် ရယူခဲ့တယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - မြတ်ဇော်ကို  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024