အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်တို့ ရွေးကောက်ပွဲဆိုင်ရာ အသိပေးပညာပေးဟောပွဲ ကျင်းပမည်
DVB
·
October 6, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပေးပညာပေးဟောပွဲကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၃၂ လမ်း အောက်ဆုံးဘလောက်မှာ အောက်တိုဘာလ ၆ ရက် ညနေ ၆ နာရီခွဲမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
မူလကျင်းပမယ့်နေရာဖြစ်တဲ့ ဆူးလေဘုရားအနီး မီးသတ်ဘေးမှာ မဲဆွယ်ဟောပြောခွင့်ကို တရားဝင်ခွင့်ပြုထားတာဖြစ်ပြီး ဒီနေ့ညနေ ၅ နာရီမှာ ကျောက်တံတားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ လုံခြုံရေးမပေးနိုင်ဟုဆိုပြီး ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။
ဒီနေ့ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ အသိပေးပညာပေးဟောပွဲမှာ အန်အယ်လ်ဒီ နာယက ဦးတင်ဦးနှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုမြအေးတို့က မဲဆွယ်စည်းရုံး ဟောပြောမှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - အိမမမွန်