Home
မြန်မာသတင်း
တကသကျောင်းသားခေါင်းဆောင် ၂ ဦးကို ရုံးထုတ်စစ်ဆေး
ကျော်ဇေယျာဝင်း
·
October 6, 2015
12032685_10206120822432037_2603870928384477300_o
တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို အောက်တိုဘာ ၆ ရက် မနက်ပိုင်း ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ နုတ်ထွက်ပေးရေး တောင်းဆိုချက်တွေနဲ့ ရန်ကုန်မြို့လယ်မှာ ဆန္ဒထုတ်ဖော်ခဲ့လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ တရားလိုပြ သက်သေအဖြစ် ဒု-ရဲအုပ်တဦးကို စစ်ဆေးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးမှာလည်း တရားလိုပြ သက်သေအဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှူးကို စစ်ဆေးခဲ့ပါသေးတယ်။ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ ၂ ဦးကို ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့ ထပ်ပြီး ရုံးထုတ်မှာဖြစ်ပါတယ်။ ဓာတ်ပုံ - ကျော်ဇေယျာဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024