ဂျပန်က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ စေလွှတ်မည်
DVB
·
September 8, 2015
မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲကိုလေ့လာဖို့ ဂျပန်နိုင်ငံက စောင့်ကြည့်လေ့လာသူတွေစေလွှတ်သွားဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီးဒါက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထူးသံတမန်နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟိုင်ဆာဆကာဝါဦးဆောင်တဲ့အဖွဲ့ကိုရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့အဖြစ်စေ လွှတ်မှာဖြစ်တယ်လို့ NHK ကျပန်သတင်းမှာဖော်ပြပါတယ်။
“လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတခုဖြစ်လာစေဖို့ ကျနော်တို့ကူညီ သွားမှာပါ”လို့ ဖူမီယိုကီရှီးဒါက သတင်းထောက်တွေကိုပြောပါတယ်။
အဖွဲ့ဝင် ၁၀ ဦးပါဝင်တဲ့ အဆိုပါရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံမှာ ၅ ရက်တာနေ ထိုင်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာရေဘေးကြောင့်ပျက်စီးဆုံးရှုံးမှုတွေအတွက် ဂျပန်အစိုးရက ယန်းငွေ ၉ ဘီလီယံထောက်ပံ့ကူညီသွားမယ်လို့ ဂျပန်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီထောက်ပံ့ကူညီမှုတွေထဲက ယန်းငွေ ၄ ဘီလီယံကို ပြီးခဲ့တဲ့ဇူလိုင်လလယ်က ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လမ်းတံတားအခြေခံအဆောက်အအုံတည်ဆောက် ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ထောက်ပံ့ငွေပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန် ကြီးဌာနက ပြောပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီးဒါက ဂျပန်နိုင်ငံအနေနဲ့ အခြေခံပညာ ကျောင်းတွေနဲ့ အခြားထောက်ပံ့ကူညီရေးလုပ်ငန်းတွေအတွက် ယန်းငွေ ၅ ဘီလီယံ ကို ထောက်ပံ့ကူညီသွားမယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။